အောက်တိုဘာလနောက်ဆုံးပတ်ပန်းကုံးစျေးအနည်းငယ်တက်

Powered by Drupal

           တန်ဆောင်မုန်းလအခါသမယအချိန်ဖြစ်၍ မန္တလေးပန်းကုံးမျိုးစုံစျေးကွက်အတွင်း စျေး အနည်းငယ်မြင့်တက်ပြီး အရောင်းသွက်လှျက်ရှိကြောင်းသိရှိရပါသည်။စျေးကွက်အတွင်းသို့မန္တလေးတိုင်းဒေသကြီးအတွင်းပုသိမ်ကြီးမြို့နယ်၊မတ္တရာမြို့နယ်၊အမရပူရမြို့နယ်၊ပြင်ဦးလွင်မြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်(ပုပ္ပားဒေသ)နှင့်စစ်ကိုင်း တိုင်း ဒေသကြီးတို့မှ ကုံးပန်းများ ဝင်ရောက် ကြောင်း သိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်သည့်ပန်းကုံး လက်လီပေါက်စျေးနှုန်းများမှာ စပါယ်ပန်းအပွင့် ၂၅ ကုံးပါတစ်တွဲလျှင် ၁၇၀ဝိ/-နှင့် ၂၀၀ဝိ/-၊ ဇွန်ပန်း ၂၅ ကုံးပါ ၁၈၀ဝိ/-နှင့် ၂၀၀ဝိ/-၊ စကားဝါပန်း/စကားဖြူပန်း ၁၀ ကုံးပါ ၃၅၀ဝိ/-နှင့် ၄၀၀ဝိ/-၊ သနပ်ခါးပန်း၁၀ ကုံးပါ တစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-၊ရွှေပန်းနှင့်ငွေပန်း ၁၀ ကုံးပါတစ်တွဲလျင် ၃၀၀ဝိ/-နှင့် ၄၀၀ဝိ/-၊ ကံ့ကော်ပန်း ၁၀ကုံးပါတစ်တွဲလျှင် ၄၀၀ဝိ/-နှင့် ၅၀၀ဝိ/-၊နှင်းဆီပန်း(ဗမာ) ၁၀ ကုံးလျှင် ၃၅၀ဝိ/-နှင့်၄၀၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)