ကန့်ဘလူမြို့တွင် အရောင်းအဝယ်ဖြစ်သည့် ဖရဲသီးနှင့် နဂါးမောက်သီး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် ပန်းသီး၊ နာနတ်သီး၊ ပန်းသစ်တော်သီး၊ သခွားမွှေးသီးနှင့် ဖရဲသီးများရောင်းချလျက်ရှိပြီး ဖရဲသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

     ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ပထမပတ်အတွင်း ဖရဲသီး အကြီး(၁)လုံးလျှင် (၇၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၅၀၀၀)ကျပ်နှင့် ဖရဲသီးတစ်စိတ်လျှင် (၈၀၀) ကျပ်၊ နဂါးမောက်သီးအသေး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၁၅၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိရာ နဂါးမောက်သီးများ ရှားပါးလာသည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)