မန္တလေးစျေးကွက်ရှိ ခါကြက်ဥ(ခေါ်)မုန်လာဥနီဈေး

Powered by Drupal

           မန္တလေးဈေးကွက်သို့ ဆောင်းရာသီအတွင်း ပြင်ဦးလွင်ဒေသနှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဒေသများမှ ထွက်သည့်ခါကြက်ဥ(ခေါ်)မုန်လာဥနီ  ကုန်စိမ်းများ အများအပြား ဝင်ရောက်လျက်ရှိ ကြောင်း သိရှိရပါသည်။ ဈေးကွက်အတွင်း တွေ့ရသော ခါကြက်ဥ(ခေါ်) မုန်လာဥနီကုန်စိမ်းမှာ ဒေသမျိုးမုန်လာဥနီနှင့်ထိုင်ဝမ်မျိုးမုန်လာ ဥနီအမျိုး အစား(၂)မျိုးရှိပြီးတစ်နှစ်ပတ်လုံးဝင်ရောက်သည့်ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ပါသည်။ မန္တလေးမြို့၊ ၄၁လမ်းဈေးနှင့် သီရိမာလာစျေးတို့တွင်၂၀၂၅ ခုနှစ်အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်ဈေးမှာ တစ်ပိဿာ လျှင် လက္ကားဈေး မုံလာဥနီ(ဒေသမျိုး) ၂၀၀၀ကျပ်နှင့် ၂၅၀၀ကျပ်၊ မုံလာဥနီထိုင်ဝမ်မျိုး ၈၀၀၀ ကျပ် နှင့် ၈၅၀၀ ကျပ်၊ လက်လီဈေးနေဖြင့် မုန်လာဥနီ ဒေသမျိုး ၂၇၀၀ကျပ်နှင့် ၃၀၀၀ကျပ်၊ မုန်လာဥနီ ထိုင်ဝမ်မျိုး ၉၀၀၀ကျပ်နှင့် ၉၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး၊ အရောင်းသွက်သည့်ကုန်စိမ်း အမယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)