ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ လိမ္မော်သီးနှင့် ချယ်ရီပန်းသီး

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီး၊ နာနတ်သီး၊ ပန်းသီး၊ သခွားမွှေးသီး၊ ဖရဲသီး၊ ငှက်ပျောသီးနှင့် လိမ္မော်သီးများ ရောင်းချ လျက်ရှိရာ ချယ်ရီပန်းသီးနှင့် လိမ္မော်သီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း လိမ္မော်သီး (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၀၀၀၀) ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ ချယ်ရီပန်းသီး (၂၅)ကျပ်သားလျှင် (၅၅၀၀)ကျပ်၊ (၁)ပိဿာလျှင် (၂၂၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလ ပထမပတ်အတွင်း ချယ်ရီပန်းသီး(၁)ပိဿာလျှင် (၂၀၀၀)ကျပ်ဈေးနှုန်းကျဆင်းသွားကြောင်း သစ်သီးဆိုင်များမှ သိရသည်။

DOCA(စစ်ကိုင်း)