ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့် စားအုန်းဆီများ ရောက်ရှိ

Powered by Drupal

      ၂၀၂ ခုနှစ်၊ ‌နိုဝင်ဘာလ ရက်နေ့၊  ၁၀း၀၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးစတားယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၇၄) ပေပါကို ယာဥ်မောင်း ဦးရဲနိုင်ဦး၊ ယာဉ်အမှတ် 2I-7044 Nissan မော်တော်ယာဥ်ဖြင့် ရောက်ရှိ လာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေဿကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ (၇၄) ပေပါအား ကုမ္ပဏီ၏ လက်ကား အရောင်း ကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင် အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ် ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)