မြန်အောင်ခရိုင်စားသုံးသူရေးရာကော်မတီတတိယကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် စားသုံးသူရေးရာကော်မတီ၏ တတိယကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့ နံနက် (၁၀:၀၀)အချိန် တွင် မြန်အောင်ခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း အဝေးတွင် ဦးစွာ မြန်အောင်ခရိုင်စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်မှ အဖွင့်အမှာ စကား‌ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန မြန်အောင်ခရိုင် ဦးစီးမှူးဦးဇော်မင်းမှ အထက်ဌာန လမ်းညွှန်ချက်များ၊ ဆုံးဖြတ်ရမည့် အမှာစာများနှင့် ယခုလအတွင်း ဆောင်ရွက်ခဲ့မှုများ၊ လာမည့် တတိယသုံးလပတ်တွင် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ အဖွဲ့ဝင်များကလည်း ကဏ္ဍ အလိုက် ဆွေး နွေးခဲ့ကြပါသည်။ စားသုံးသူရေးရာကော်မတီအဖွဲ့ ဥက္ကဌ ဦးမျိုးလှိုင်မှလည်း တင်ပြဆောင် ရွက်ခဲ့ သည့်  အမှာစာ(၅)ချက်အား အတည်ပြုဆွေးနွေးဆုံးဖြတ်ခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့်   အဖွဲ့ ဝင်များ ရဲ့ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း  ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခဲ့ ပြီး နံနက်(၁၁:၀၀) အချိန်တွင် အစည်းအဝေး ပြီးမြောက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးကို အဖွဲ့ဝင်နှင့် ဖိတ်ကြားထားသူ(၁၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)