ဘိုက‌လေးမြို့နယ်ရှိ “မြတ်မွန်” ဆန်ဆိုင် သို့ ဆန်လက်ကျန်ကွင်းဆင်းစာရင်းကောက်ယူ

Powered by Drupal

             ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၃၀.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၁: ၃၀)  ဘိုက‌လေးမြို့နယ်ရှိ “မြတ်မွန်” ဆန်ဆိုင် သို့ ဆန်လက်ကျန်စာရင်း ကွင်းဆင်းကောက်ယူခဲ့ပါသည်။

          မြို့နယ်တာဝန်ခံက စက်စုလမ်း(၇) ရပ်ကွက်ရှိ  ဦးဇော်မျိုးဦး ပိုင်ဆိုင်သော “မြတ်မွန်” ဆန်ဆိုင်သို့ သိုလှောင်ထားရှိသော ပေါ်ဆန်း/ဧည့်မထ ဆန်အိတ်များကို စာရင်းကောက်ယူခဲ့ရာ ပေါ်ဆန်း(၃၀) အိတ်၊ ဧည့်မထ (၄၀) အိတ် သိုလှောင်ထားရှိကြောင်း မြေပြင်စာရင်းကောက်ယူမှုအရ သတင်းရရှိပါသည်။ထို့နောက် မြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများ ဝယ်ယူနိုင်ရေးအတွက် ဆန်ဆိုင်များအနေဖြင့် သတ်မှတ်ထားသော ဆန်အမျိုးအစားအလိုက်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချစေရေး ဆွေးနွေးပြောဆို ကွင်းဆင်းခဲ့မှုအရ သတင်းရရှိပါသည်။

(Doca ဧရာဝတီ)