
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် အတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ မက်သနော(လ်)လမ်းနှင့်လမ်းမတော်လမ်းဆုံတွင်ဆောက်လုပ်ထားသည့်ဗုဒ္ဓတစ်ထောင်အကောက်တောင် မုခ်ဦးဖွင့်ပွဲအခမ်းအနားအား တက်ရောက် ချီးမြှင့် ဖွင့်လှစ်ကြသည်။
ရှေးဦးစွာ အ.ထ.က(၁)ဘင်ခရာအဖွဲ့မှ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အား ဂုဏ်ပြုအလေးပြုကြပြီး၊ မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခန့်မွန်ဆွေ၊ သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဆန်းချစ်နှင့် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ် တို့က ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် မုခ်ဦးနှင့် ကြံခင်းမြို့ရိုးရာ ကျွဲဝိုင်းအဖွဲ့၊ ဘင်ခရာအဖွဲ့တို့၏ ကပြဖျော်ဖြေမှုများအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးအရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု အားပေးကြသည်။ ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသော ခတ်သစ်မောင်ကျွဲဝိုင်းအဖွဲ့၊ အ.ထ.က(၁) ဘင်ခရာအဖွဲ့၊ ပန်ဖွားအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့သည်။
အဆိုပါ ဗုဒ္ဓတစ်ထောင်အကောက်တောင်မုခ်ဦးဖွင့်ပွဲ အခမ်းအနားအား ဧရာဝတီုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ အကောင် တောင် ဘုရားဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများ နှင့် ချင်းတိုင်းရင်းသားများ စုစုပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။ ဘုရားဖူးခရီးသွား ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားရောက်ဖူးမျှော်ကြည်ညိုနိုင်ရေး၊ ကြိုဆိုရေး အထိမ်း အမှတ် ဖြစ် မုခ်ဦးကြီးအား (၇.၁၂.၂၀၂၄) တွင် တည်ဆောက်ရေးလုပ်ငန်းများစတင်ခဲ့ပြီး (၂၃.၁၀.၂၅) ရက်နေ့ တွင် ဖွင့်လှစ်နိုင်ခဲ့ရာ မုဒ်အကျယ် (၄၀)ပေ၊ အမြင့် (၃၈) ပေ၊ ယာဥ်ဝင်အမြင့် (၂၄) ပေခန့်ရှိသည်။ ထိုသို့ ဆောက်လုပ်ရာတွင် ဗုဒ္ဓတစ်ထောင်အကောက်တောင်ဘုရားဂေါပကများမှ မတည်လှူဒါန်းခဲ့ ပြီး ကြံခင်းမြို့ဌာနဆိုင်ရာများ၊ ကြံခင်းမြို့နယ်ရှိ ကျေးရွာ/အုပ်စု (၃၅)စုမှ အလှူရှင်(၇)ရက်သား သမီးများ စုပေါင်းထည့်ဝင်လှူဒါန်းငွေ သိန်း(၁၀၀၀)ကျော်ခန့် ကုန်ကျခဲ့ပါကြောင်း မုခ်ဦးတည် ဆောက်ရေး ကော်မတီထံမှ သတင်းရရှီပါသည်။
DOCA(ဧရာဝတီ)
