
တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးထဲသို့ ရှမ်းပြည်နယ်ဘက်မှ ဟင်းသီးဟင်းရွက် အသီးအနှံများဝင်ရောက်လာကြပြီး အောက်တိုဘာလ (ဒုတိယအပါတ်)တွင် ဂေါ်ဖီထုပ် ၁ ပိဿာလျှင် ၄၀၀၀ ကျပ်ရှိပြီး ယခုအောက်တိုဘာလ (စတုတ္တအပါတ်)တွင် ဂေါ်ဖီဈေးနှုန်းမှာ (၁) ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိဈေးနှုန်းကျဆင်းလာပြီး ခရမ်းချဉ်သီးမှာ အောက်တိုဘာလ (ဒုတိယအပါတ်) တွင် ၁ပိဿာလျှင် ၁၈၀၀ ကျပ် မှ ၃၀၀၀ ကျပ်ရှိပြီး ယခုအောက်တိုဘာလ (စတုတ္တအပါတ်)တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ ၁ပိဿာလျှင် ၁၅၀၀ ကျပ် မှ ၂၅၀၀ ကျပ်အထိ ဈေးနှုန်း ကျဆင်းလာပြီး ဗမာ ခရမ်းချဉ်သီး ၁ ပိဿာလျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ်အထိ ဈေးနှုန်းရှိပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိ ပါသည်။ နံနံပင်မှာ အောက်တိုဘာလ (ဒုတိယအပါတ်)တွင် ၁၀ ကျပ်သား လျှင် ၁၂၀၀ ကျပ် ၊ ၁ ပိဿာလျှင် ၁၀၀၀၀ ကျပ်မှ ၁၁၀၀၀ ကျပ်အထိဈေးနှုန်းရှိသော်လည်း ယခု အောက်တိုဘာလ (စတုတ္တအပါတ်)တွင် နံနံပင် ၁၀ ကျပ်သားလျှင် ၂၂၀၀ ကျပ်ဈေးနှုန်းရှိပြီး ၁ ပိဿာ လျှင် ၂၀၀၀၀ ကျပ်မှ ၂၁၀၀၀ ကျပ်အထိဈေးနှုန်းမြင့်တက်သွားသော်လည်း ရောင်းချသည့်ဈေးသည် များထံမှ သိရှိရပါသည်။
DOCA(ပဲခူး)
