
ပဲခူးတိုင်းဒေသကြီး ၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ ဈေးတွင်ရောင်းချနေသော ကြက်ဥကို ရန်ကုန်မြို့မှ အများဆုံးတင်သွင်းကြပြီး ဈေးနှုန်းများကတော့ ယခင်စက်တင်ဘာလ ဒုတိယပတ်တွင် ကြက်ဥ(အသေး)(၁လုံး)ကို (၄၃၀)ကျပ်၊ ကြက်ဥ (အလတ်) (၁)လုံးကို (၄၅၀)ကျပ်၊ ကြက်ဥ(အကြီး)(၁)လုံး (၅၀၀)ကျပ်ဖြစ်ပြီး ဘဲဥ(၁)လုံး (၆၀၀)ကျပ် ၊ ငုံးဥ(၁)လုံး (၁၀၀)ကျပ်၊ မြန်မာကြက်ဥ(၁)လုံး (၇၀၀) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။ယခု စက်တင်ဘာလ တတိယပတ်တွင် ကြက်ဥ ဈေးနှုန်းများသည် တည်ငြိမ်နေပါသည်။ ဘဲဥ ၊ ငုံးဥ ဈေးနှုန်းများကတော့ အနည်းငယ် ဈေးတက်နေပါသည်။ ဘဲဥ(၁)လုံး (၆၅၀)ကျပ်၊ငုံးဥ (၉)လုံး(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း နတ်တလင်းမြို့နယ် ဈေးကွက်အတွင်းမှ သိရသည်။
DOCA (ပဲခူး)
