တောင်ငူမြို့ညောင်ပင်လေးဈေးရှိ ကန်စွန်းဥနှင့်ပိန်းဥဈေးနှုန်းအကြောင်း

Powered by Drupal

          တောင်ငူမြို့နယ်အတွင်းရှိ ညောင်ပင်လေးဈေးသို့ တောင်ငူမြို့နယ် အနီးတစ်ဝိုက်မှ ကျေးရွာများဖြစ်သော  ဆိတ်ဖူးတောင်၊ ရှမ်းဝတီးတို့မှ ဒေသခံတောင်သူများက ကန်စွန်းဥနှင့် ပိန်းဥများ ကိုယ်တိုင် လာရောက်ရောင်းချလျက်ရှိပါသည်။ ကန်စွန်းဥကိုပြုတ်စား၍ သော်လည်းကောင်း၊ မီးဖုတ်၍သော်လည်းကောင်း၊ ကန်စွန်းဥဆနွင်းမကင်းပြုလုပ်ရာတွင် လည်းကောင်း၊ ကန်စွန်းဥသာကူကြိုချက်စားရာ တွင်လည်းကောင်း အမျိုးမျိုးပြုလုပ် စားသုံးကြ ပါသည်။ ကန်စွန်းဥသည် အရွယ်အစားအလိုက်ဈေးနှုန်း ကွာခြားမှုရှိပြီး ကန်စွန်းဥရွှေဝါအသေး (၁) ပိဿာလျှင် ၂၀၀၀ ကျပ်၊ အလတ်(၁) ပိဿာလျှင် ၂၅၀၀ ကျပ်၊ အကြီး (၁) ပိဿာလျှင် ၃၅၀၀ ကျပ်ရှိပြီး ရှမ်းပြည်ဒေသမှလာသော ကန်စွန်းဥငချိတ်သည် အလုံး သေး (၁) ပိဿာလျှင် ၃၀၀၀ ကျပ်၊ အလတ်(၁) ပိဿာလျှင် ၃၅၀၀ ကျပ်၊ အကြီး (၁) ပိဿာလျှင် ၄၀၀၀ ကျပ်ရှိပြီး ပိန်းဥ (၁) ပိဿာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်အထိဈေးနှုန်းရှိပြီး ချက်စားသည့် ပိန်းဥ (၁) ပိဿာလျှင် ၃၅၀၀ ကျပ် မှ ၄၀၀၀ ကျပ်အထိရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ပဲခူး)