
ကမ်းရိုးတန်းဒေသဖြစ်ပြီး ရေထွက်ပစ္စည်းများ၊ စိုက်ပျိုးသီးနှံများနှင့် ဒေသတွင်းထွက် ရှိသော စားဖိုဆောင်သီးနှံများကို အကြီးအကျယ်ရောင်းချလျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် အလွန်စည်ကားလှပါသည်။ ထိုသို့ရောင်းချရာတွင် စျေးကွက်၌ အရည်အသွေးကောင်းသည်ဟု ထင်ရှားသည့် ငါးချဉ်၊ ပုဖွန်ချဉ်တို့သည်လည်း မြိတ်မြို့ပေါ်ရှိ ဈေးကွက်တွင် အလွန်ရောင်းအား ကောင်းပါသည်။ ဧည့်သည်များအတွက် အိမ်ပြန်လက်ဆောင်ထည့်ပေးရာတွင် မျက်နှာပန်းလှသည့် အပြင် လူကြိုက်များသော အစားအစာတစ်ခုဖြစ်ပါသည်။
ယခု ၂၀၂၅ခုနှစ်၊အောက်တိုဘာလ နောက်ဆုံးပတ်တွင် ငါးချဉ်တစ်ဆယ်သား(၅၀၀၀) ကျပ်နှင့် ပုဇွန်ချဉ်တစ်ဆယ်သား (၅၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပြီး ယခင် စက် တင်ဘာလထက် ငွေ(၅၀၀)ကျပ် ဈေးကျသွားကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
