အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသိပညာပေးဟောပြော

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မုံရွာခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦး တို့သည် (၂၃.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၉း၀၀) အချိန်ခန့်တွင် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန်ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှု နှင့်ပတ်သက်၍  စားသုံးသူများနစ်နာ မှုမရှိစေရေးအတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ   telecom တာဝါတိုင်လုပ်ငန်း၊ Shwe Monywanet (fiber internet) wi fi လုပ်ငန်း၊ အောင်မင်္ဂလာရပ်ကွက်ရှိ   U9 SIM Service လုပ်ငန်းသို့ သွားရောက်၍ သိသည့် သိထိုက် သည့် အချက် အလက်များအား အသိပညာပေးဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် ဌာနခွဲတာဝန်ခံမှ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက် (၁၁) ချက် အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရသည့် လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် ပတ်သက်သည့်အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြောကြားခဲ့ကြောင်း နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာရမည့် တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)