ပဲစောင်းလျားသီးစျေးနှုန်း/စျေးကွက်

Powered by Drupal

       တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချ လျက်ရှိရာ ယခုအခါ ပဲစောင်းလျားသီးများကို မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင် လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ ထားဝယ်မြို့ ပေါ်ရှိ စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါ သည်။  အိမ်ရှင်မများမှ ပဲစောင်းလျားသီးကို ပြုတ်၍ မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်စားကြသလို ငပိရည်နှင့်တွဲဖက်၍ အတို့အမြုပ်၊ငရုပ်သီးစိမ်းဖြင့်ကြော်၍ စားသုံးကြပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်တွင် ထားဝယ်မြို့၊ စည်ပင်သာယာဈေးတွင် ပဲစောင်း လျားသီးတစ်တောင့်လျှင် (၁၀၀/-)ကျပ်၊ ၁၃တောင့်လျှင် (၁၀၀၀/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)