မြင်းခြံမြို့နယ်ရှိ MyRO သိုလှောင်ရုံလုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

    မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၁၄.၁၀. ၂၀၂၅)ရက်နေ့၊ နံနက် ၁၁:၃၀ နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၃)ရပ်ကွက်ရှိ‘‘ဦးလှမော်’’ ဆန်ရောင်းဝယ်ရေးဆိုင်မှ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များကို ထည့်သွင်း ခြင်းလုပ်ငန်းများအား သိရှိနားလည်ဆောင်ရွက်တတ်စေရန် လာရောက်တွေ့ဆုံခဲ့ရာ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ရှင်းလင်းသင်ကြားပြသ၍ စာရင်းရေးသွင်းခြင်းများကို ဆောင်ရွက် ပေးခဲ့ပြီး အခက်အခဲများရှိပါက လာရောက်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များ ကိုလည်း လိုက်နာကြရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်းပိုင်ရှင်များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)