ချမ်းမြသာစည်မြို့နယ်၊ အ.ထ.က(၇) တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ “စားသုံးသူကာကွယ်ရေး အကြောင်း သိကောင်းစရာများ” ဟောပြောပွဲအား ၂၄-၁၀-၂၀၂၅ ရက်နေ့တွင် ချမ်းမြသာစည် မြို့နယ်၊ အ.ထ.က (၇) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အသိပညာပေး ဟောပြောခြင်းများ  စဉ်ဆက်မပြတ်ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ (၂၄-၁၀-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ အ.ထ.က(၇)ရှိ ကျောင်းသား/ သူများအား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မေသက်ထွန်းက စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်အချက်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကာ ကျောင်းမုန့်ဈေးတန်းတွင် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)