Online စနစ်ဖြင့် အားကစားဝတ်စုံနှင့် အားကစားပစ္စည်းအမျိုးမျိုးရောင်းချသည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်း များသည် ကျိုင်းတုံမြို့၊ ရပ်ကွက်(၂)အတွင်းရှိ Online စနစ်ဖြင့် အားကစားဝတ်စုံနှင့် အားကစား ပစ္စည်းအမျိုးမျိုးရောင်းချသည့် လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ဈေးကွက်စောင့် ကြည့်စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ် ရာတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျ ဖြန့်ဖြူးရောင်းဝယ်မှု ပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာ ဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)