မိတ္ထီလာဘိလပ်မြေဈေးကွက်

Powered by Drupal

   မိတ္ထီလာ ဈေးကွက်အတွင်း ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် အပါချီဘိလပ်မြေ တစ်အိတ်လျှင် (၁၈၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင်(၁၈၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ် လျှင်(၁၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီးယခင်လနှင့် ကာလတူ နှိုင်းယှဉ်လျှင် အပါချီဘိလပ်မြေတစ်အိတ်လျှင်(၃၀၀၀)ကျပ်၊ ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် (၁၀၀၀)ကျပ်၊ Alpha ဘိလပ်မြေတစ်အိတ်လျှင်(၂၅၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်းသိရသည်။ မိုးရာသီကုန်ချိန်ဖြစ်၍ စက်ရုံထုတ်ဈေးမြှင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ မိတ္ထီလာမြို့ သို့ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာမှ အပါချီဘိလပ်မြေ၊ ကျောက်ဆည်မြို့မှ ကြံ့နှစ်ကောင်နှင့် Alpha ဘိလပ်မြေများ ဝင်ရောက်ပြီး မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းနှင့် မလှိုင်မြို့နယ်များမှ ဝယ်လက် များသို့ ရောင်းချရကြောင်း ဈေးကွက်မှ သိရသည်။

DOCA(မန္တလေး)