
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသော ဒေသတစ်ခုဖြစ်သည့်အလျှောက် စပါး၊ ပဲ၊ ပြောင်း၊ ကြက်သွန်သီးနှံများအပြင် စီးပွားဖြစ်ဝင်ငွေတိုးသော CP ကြက်မွေးမြူခြင်းလုပ်ငန်းကိုလည်း လုပ်ကိုင်လျှက်ရှိပါသည်။ CP ကြက်မွေးမြူခြင်းဖြင့် ကျေးလက်နေဒေသပြည်သူများ ပုံမှန်ဝင်ငွေရရှိလျှက်ရှိကြောင်း၊ ယခုအချိန်တွင် ကြက်သားစျေးများ ကောင်းမွန်သောကြောင့် ကြက်မွေးမြူသူများ စီးပွားဖြစ်တွက်ခြေကိုက်လျက်ရှိကြောင်း၊ အများဆုံး မွေးမြူသော ကြက်မျိုး မှာအသားတိုးကြက်(CP)မျိုးများကို အများဆုံးမွေးမြူကြကြောင်း၊ မွေးမြူရာ တွင်စနစ်တကျ ဝါးခင်း၍ အမိုးအကာများဖြင့်သန့်ရှင်းသပ်ရပ်စွာ မွေးမြူကြကြောင်း၊ (CP)ကြက်မျိုး၊ ကြက်ပေါက်တစ်ကောင်လျှင် (၃၅၀၀)ကျပ်ဝန်းကျင်ခန့် ဝယ်ယူ၍မွေးရကြောင်း၊ (CP)ကြက်မျိုးများ သည် ပူလွန်းအေးလွန်းသည့် ရာသီဥတုကိုမခံနိုင်ပေ ကြက်ပေါက်များကို မွေးမြူစတွင် ရေခဲဆေး တိုက်ရကြောင်း၊ မွေးမြူပြီး ရက်ပေါင်း (၂၀)အထိ လွှစာမှုန့်များခံ၍ မွေးမြူပေးရကြောင်း၊ ကျန်းမာရေး ကောင်းမွန်စေရန်အတွက် ကြက်ပေါက်များကိုအားဆေးတစ်ကြိမ်မှ နှစ်ကြိမ်တိုက်ကျွေးပေးရကြောင်း၊ မွေးမြူပြီး (၁)လ၊ (၁)လခွဲအကြာတွင် ရောင်းတန်းဝင်ကြက်များဖြစ်လာကြောင်း ၊ သက်တမ်းတို၍ စီးပွားဖြစ်မြန်ကြောင်း၊ (CP)ကြက် အကောင်(၁၀၀)လျှင် အစာဖိုး(၁)ရက်လျှင်(၄၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ (CP)ကြက်စာ 50kg အိတ် တစ်အိတ်လျှင် (၁၂၀၀၀၀/-)ကျပ်ပေးရကြောင်း၊ မိမိခြံ တွင် အကောင်(၁၀၀) မွေးမြူထားကြောင်း၊ တစ်ကောင်လျှင် အချိန်(၁ပိဿာ ၅၀ကျပ်သား)မှ (နှစ်ပိဿာ) အကောင်အထိရှိကြောင်း၊ ကြက်ဝယ်ယူသူများအနေဖြင့် ကြက်ခြံအထိလာရောက် ဝယ်ယူကြကြောင်း ၊ ကြက်စျေးနှုန်းအနေဖြင့် အကောင်ဖောက်သည်ဈေး (၁)ပိဿာလျှင်(၁၆၀၀၀/-) ကျပ် စျေးဖြင့်ရောင်းချရကြောင်း၊ ကြက်မွေးမြူမှုအကျိုးအမြတ်အနေဖြင့် အစာဖိုး၊ ဆေးဖိုးနှင့် အခြား အသုံးစရိတ်များနှုတ်ပြီး (၁၂၅၀၀၀၀/-)ကျပ် မြတ်ကြောင်း၊ ယခုအချိန်ဈေးနှုန်းများ ကောင်းမွန် သောကြောင့် တစ်နိုင်တစ်ပိုင်မွေးမြူသူများအနေဖြင့် (၁)လ (၁)ခွဲအချိန်တွင် အကျိုးအမြတ် ဖြစ်ထွန်း ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ခန့်မှန်း၍မရကြောင်း၊ ဈေးနှုန်းများကျဆင်းပြီး ကြက်နာများ ဝင်ရောက်ပါက ကြက်မွေးမြူသူများအရှုံးဖြင့်ရင်ဆိုင်ရကြောင်း ကြက်မွေးမြူသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA (မန္တလေး)
