မိတ္ထီလာမြို့ရှိ ဂျင်းတက်နှင့်ဂျင်းပေါက်ဈေးကွက်/ဈေးနှုန်း

Powered by Drupal

   စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ဂျင်းကို မိတ္ထီလာဈေးကွက်တွင် အောက်တိုဘာလ ဒုတိယ ပတ်တွင် အရောင်းအဝယ်ပုံမှန်နှင့် ဈေးငြိမ်နေကြောင်းသိရသည်။ မိတ္ထီလာဈေးကွက်သို့ ဂျင်းကို ရှမ်း ပြည်နယ်တောင်ပိုင်းမှ ဝင်ရောက်ရာ လက်ရှိပေါက်ဈေးမှာ တစ်ပိဿာလျှင် (၅၀၀၀)(၆၀၀၀)ဖြင့် ယခင် လနှင့်နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်း သိရသည်။  ကြက်သွန်နီ၊ကြက်သွန်ဖြူ၊ဂျင်း၊ငရုတ် စသည့် ကုန်ခြောက်အရောင်းဆိုင်များအနေဖြင့် ဂျင်းတက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အရောင်းအဝယ်ပုံမှန်ရှိကြောင်းသိရသည်။ ဂျင်းတက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်သာမက ဂျင်းကိုဓားဖြင့် ပေါက်၍ လက်ဘက်၊ပဲကြော်ဆိုင်များတွင်လည်း ရောင်းချကြရာ (၂၅)ကျပ်သားလျှင် ၁၅၀ဝိ/-ဖြင့် ရောင်းချရကြောင်း သိရသည်။ ဂျင်းကို မိတ္ထီလာခရိုင်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ထိစပ်လျှက်ရှိသော သာစည်မြို့နယ်ကျေးရွာများတွင် ဧက(၁၅၀)ကျော်စိုက်ပျိုးရာ ယခင်နှစ်က(၁)ဧက ပိဿာ (၁၅၀၀) ဝန်းကျင်ထွက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)