ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ဘူတာဈေးတွင် ကြက်ဥနှင့်ဘဲဥများကို ဈေးကွက် အတွင်း ရောင်းချနေကြောင်း တွေ့ရှိရပါသည်။ ကြက်ဥနှင့်ဘဲဥများကို မန္တလေးမြို့နှင့်တောင်ကြီးမြို့များမှ သယ်ယူရောင်းချသလို ဒေသထွက် ကြက်ဥနှင့် ဘဲဥများကိုလည်း ရောင်းချနေကြောင်း သိရှိရပါသည်။
ကြက်ဥဈေးနှုန်းများမှာ အသေး(၁)လုံးလျှင် (၃၀၀)ကျပ်မှ (၄၀၀)ကျပ်၊ အကြီး(၁)လုံးလျှင် (၄၅၀)ကျပ်မှ (၅၀၀)ကျပ်၊ ဘဲဥဈေးနှုန်းမှာ (၁)လုံးလျှင်(၇၅၀)ကျပ်မှ (၈၀၀)ကျပ်ဖြင့် ရောင်းချကြကြောင်း ကြက်ဥနှင့်ဘဲဥရောင်းချ သူများထံမှ သိရှိရပါသည်။
DOCA(ရှမ်း)
