
မိတ္ထီလာဈေးကွက်တွင် အောက်တိုဘာလ ဒုတိယပတ်၌ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် နနွင်းတက်မှာ အရောင်းအဝယ်ပုံမှန်နှင့်ဈေးငြိမ်နေကြောင်း သိရသည်။ နနွင်းတက်တွင် ရှမ်း နနွင်း တက်၊ ဗမာနနွင်းတက်ဟူ၍ရှိပြီး၊ ဗမာနနွင်းတက်မှာ အသားကျစ်ပြီး၊ အရောင်လှကာအနံ့ပိုမွှေးသည့် အတွက် ဈေးကွက်တွင် ဈေးကောင်းပိုမိုရလေ့ရှိပါသည်။ မိတ္ထီလာဈေးကွက်သို့ ဗမာနနွင်းတက်ကို ကျောက်ဆည်၊ မြစ်သားမြို့နယ်တို့မှ ဝင်ရောက်ရာ ဈေးကွက်တွင် နနွင်းတက်၊ နနွင်းခေါင်း၊ နနွင်းမှုန့် တို့ကို ရောင်းချကြရာ နနွင်းတက်တစ်ပိဿာလျှင် (၁၅၀၀၀-၁၆၀၀၀) ကျပ်၊ နနွင်းခေါင်းတစ်ပိဿာ လျှင် (၁၀၀၀၀-၁၂၀၀၀) ကျပ်၊ နနွင်းမှုန့်တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်ဈေးရှိကြောင်းနှင့် ယခင်လနှင့် နှိုင်းယှဉ်ပါက ဈေးငြိမ်နေကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် နနွင်းတက်ကို သာစည်မြို့နယ်၌သာ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဆက်စပ် နေသော ကျေးရွာများတွင်သာ စိုက်ပျိုးကြပြီး၊ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီအတွက် (၁၅၃) ဧက စိုက်ပျိုးထားကြောင်းနှင့် ယခင်နှစ်က (၂၆၃) ဧက စိုက်ပျိုးခဲခြင်းမှ တစ်ဧက ပိဿာ (၂၄၀၀) ခန့်ထွက် ရှိကြောင်း သိရသည်။
DOCA(မန္တလေး)
