“မေမြို့ပန်းဈေးနှုန်းဈေးကွက်နှင့်စိုက်ပျိုးမှုအခြေအနေ”

Powered by Drupal

             ကျောက်ဆည်မြို့နယ်အတွင်း ပင်တလည်ကျေးရွာတွင် ပန်းမျိုးစုံစိုက်ပျိုးသည့်အနက် မေမြို့ပန်းများလည်းစိုက်ပျိုးလျက်ရှိကြောင်း ၊ မေမြို့ပန်းများသည် အစုလိုက်၊အခိုင်လိုက်ပွင့်သော ပန်းဖြစ်ပြီး အရောင်အားဖြင့် အဖြူ၊အနီ၊ပန်းရောင်၊ဗေဒရောင်ဟူ၍ ရှိကြပြီး ရိုးစိမ်းအဖြူ၊ ကျောက်နီ၊ ချင်းမိုင် စသည်ဖြင့် အပွင့်အရောင် ပန်းပွင့်ပုံကို မူတည်၍ အခေါ်အဝေါ် အမျိုးမျိုး ရှိကြပါသည်။ မည့်သည့်မြေအမျိုးအစားတွင်မဆို ရှင်သန်နိုင်သော်လည်း ပန်းပွင့်အထွက်ကောင်းစေရန်၊ အရည် အသွေးကောင်းမွန်၍ ပန်းအရောင်များလှပစေရန်အတွက် သဘာဝမြေသြဇာများကြွယ်ဝသော မြေဖြစ်ရန်လိုအပ်ပြီး ရေမဝပ်စေဘဲ ခြောက်သွေ့သော ရာသီဥတုတွင် ပုံမှန်ရေလောင်းပေးရန် လိုအပ်ပါသည်။ ပန်းမျိုးစေ့များအား ပန်းများအများဆုံး ထွက်ရှိရာ ပြင်ဦးလွင်မြို့မှ မှာယူရကြောင်း၊ ပျိုးထောင်ပြီး ပျိုးသက်(၆)ပတ်ခန့်ရှိသော ပျိုးပင်များကို စိုက်ဘောင်များသို့ ပြောင်းရွေ့စိုက်ပျိုးရ ကြောင်း၊ ပျိုးပင်များကို မေလဆန်းတွင် စတင်စိုက်ပျိုးပါက ဇွန် ၊ ဇူလိုင်များတွင် ပန်းပင်များကို စတင်နှုတ်ယူရောင်းချနိုင်ပြီဖြစ်ပြီး အပင်အရေအတွက်၊ အရွယ်အစား ၊အရောင်ကိုလိုက်၍ ဈေးများ ကွာခြားချက်ရှိကြောင်း၊ မေမြို့ပန်းအရိုင်းစည်းတစ်စည်းလျှင်(၃၀၀၀/-)ကျပ်၊ (၁၀)ပင် တစ်စည်း လျှင် (၁၀၀၀/-)ကျပ်နှုန်းဖြင့် ဈေးများအတွင်းရောင်းချလျှက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၀)သိန်းကျပ်ခန့်ကုန်ကျကြောင်း၊ အကျိုးအမြတ် အနေဖြင့် (၈)သိန်းကျပ်ခန့်အမြတ်ရရှိကြောင်း ၊ ပန်းဈေးတည်ငြိမ်မှုရှိသောကြောင့် ပုံမှန်အကျိုး အမြတ်ရရှိကြောင်း၊ မေမြို့ပန်းစိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးကာ စားဝတ်နေရေး ပြေလည် သောကြောင့် မေမြို့ပန်းများ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါ သည်။

DOCA (မန္တလေး)