ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပင်းတယမြို့၊ ဒေသဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး နှင့်ဝန်ထမ်းများသည် (၁၆.၁၀.၂၀၂၅) ရက်နေ့တွင် ပင်းတယမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မိမိတို့ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိအောင် စာအုပ်စနစ်ဖြင့် အိမ်ထောင်စုတစ်စုလျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချ ပေးပြီး စာအုပ်မပါသောသူများကိုလည်း ရောင်းချပေးလျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိဘဲ သတ်မှတ်ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချပေးပါကြောင်း၊ ရောင်းချမှုလက်ခံ စာရင်းဇယားများလည်း စနစ်တကျထားရှိပါကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချခြင်း/ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်းများရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရောင်းချရမည့် ကျေးရွာများကိုလည်း စဉ်ဆက်မပြတ် ရောင်းချပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)