ကြံစိုက်ရာသီချိန်ကုန်သော်လည်း သကြားဈေးများကျလျက်ရှိ

Powered by Drupal

   မန္တလေးမြို့တွင်းသို့  ကြံထွက်ရှိရာ ဒေသများဖြစ်ကြသည့် ကသာ၊ ထီးချိုင့်၊ တွင်းငယ်၊ မတ္တရာမြို့အနီးရှိ တံငါးရွာ၊ပြင်ဦးလွင်၊‌ကျောက်မဲဒေသတို့တွင်ဩဂုတ်လမှစတင်ပြီး စက်တင်ဘာလနှင့် အောက်တိုဘာလအထိကြံများကို စိုက်ပျိုးပြီးစီးသည့် အချိန်ဖြစ်သော်လည်း ယခင်နှစ် ကြံထွက် ပစ္စည်းများဖြစ်ကြသည့် ပွက်သား(ခေါ်)၊ ခါရည်၊ ပေါင်းရည်၊ ခါသကြား၊ ပေါင်းသကြားတို့မှာ ဈေးငြိမ်လျက်ရှိကြသည်။ သကြားဈေးမှာ ယခင်နှစ် အောက်တိုဘာလအချိန်တွင် တတိယပတ်တွင် ပွက်သား ၁ပိဿာလျှင် ၃၄၀၀ ကျပ်၊ ပေါင်းသကြား ၁ပိဿာလျှင်(၄၇၀၀-၄၈၀၀-၄၉၀၀)ကျပ် ခါ သကြား ၁ပိဿာလျှင် ၃၉၀၀-၄၀၀၀ ကျပ်၊ ခါရည် ၁ပိဿာလျှင် ၁၇၀၀-၁၈၀၀ ကျပ်၊ ပေါင်းရည် ၁ပိဿာလျှင်(၈၀၀-၁၄၀၀)ကျပ် အသီးသီးတို့ဖြင့် အရောင်းအဝယ်ရှိခဲ့ကြပြီး ယခုနှစ် အောက်တိုဘာ လတွင် တတိယပတ်တွင် ပွက်သား ၁ပိဿာလျှင်(၂၆၇၀-၂၉၀၀)ကျပ် ပေါင်းသကြား ၁ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်၊ ခါသကြား ၁ပိဿာလျှာင်(၃၅၀၀-၃၆၀၀)ကျပ်၊ ခါရည်(၂၅၀၀-၂၆၀၀)ကျပ်၊ ပေါင်းရည် ၁ပိဿာလျှင်(၈၀၀-၂၀၀၀)ကျပ်တို့ဖြင့် သကြားနှင့်သကာရည်အသင်း၏ ပေါက်ဈေးဖြင့် အရောင်းအဝယ်ပြုလုပ်ကြပြီး ယခင်နှစ်သကြားဈေးနှုန်းယခုနှစ်သကြားဈေးမှာ ၁ပိဿာလျှင်၉၀၀ ကျပ်ထိကွာခြားလျက်ရှိသည်။ ငလျင်ကာလဖြစ်ပြီးနောက်ပိုင်း ၃လခန့်အထိ လုပ်ငန်းများရပ်ဆိုင်း ခဲ့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လဆန်းမှ နို့ချက်လုပ်ငန်း၊ ဂျုံဖြင့်ပြုလုပ်သော မုန့်မျိုးစုံလုပ်ငန်း၊ ယိုစုံလုပ်ငန်း၊ အချိန်ရည်လုပ်ငန်း၊ ယမကာလုပ်ငန်းတို့မှာ သကြားသုံးစွဲမှုမှာ ပုံမှန်အရောင်းအဝယ် ရှိသော်ခဲ့သော်လည်း ယခုနှစ်တွင် သွားလာမှုခက်ခဲခြင်း၊ သယ်ယူစရိတ်ကြီးမားခြင်း၊ အလုပ်သမား ခများဈေးကြီးခြင်း၊ စက်သုံးဆီဈေးများ မြင့်တက်လျက်ရှိပြီး ယခုသီတင်းကျွတ်အချိန် ကြံစိုက်မှုလုပ်ငန်းများပြီးဆုံးကြသော်လည်း သကြားဈေးမှာကျလျက်ရှိကြောင်း ပြည်ပတင်ပို့မှုမှာ ယခင် နှစ်များထက်အလွန်နည်းပါးကြောင်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(မန္တလေး)