
နိုင်ငံတစ်ဝန်း စီးပွားရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်လုပ်ကိုင်သည်မှအစပြုကာ ကုမ္ပဏီ လုပ်ငန်းများအထိပါ အွန်လိုင်းမှ အဝတ်အထည်၊အစားအသောက်၊ဆေးဝါး၊အလှကုန်၊အိမ်ခြံမြေများ ပါမကျန် အရောင်းအဝယ်လုပ်ကိုင်လျက်ရှိရာ ပြင်ဦးလွင်မြို့နယ်အတွင်းမှာလည်း ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစပြီး မှတ်ပုံတင်လျှောက်ထားသည့် အွန်လိုင်းဖြင့်ရောင်းဝယ်သည့် လုပ်ငန်း များအား မြေပြင်စစ်ဆေးပြီးမှ လျှောက်ထားမှုအပေါ်ခွင့်ပြုထုတ်ပေးသွားမည်ဖြစ်ရာ အောက်တိုဘာ လ(၂၁)ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်၊ရေငယ်ကျေးရွာရှိ Algelos Little Shop လူသုံးကုန်ပစ္စည်း အရောင်းဆိုင်အားကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် Online မှ တစ်ဆင့်လျှောက်ထား သည့်စာရွက်စာတမ်းများဖြစ်သော ပိုင်ရှင်၏ဓာတ်ပုံ ၊ ဖုန်းနံပါတ် ၊ လိပ်စာ ၊ ရပ်ကွက်ထောက်ခံစာ ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရမည်ဖြစ်ပြီး ၄င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းစသည့် Online ဖြင့် မှတ်ပုံတင်သည့်အကြောင်းအရာများအား အသေးစိတ် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (မန္တလေး)
