
ပဲကြီးသီးနှံမှာ ပြည်တွင်း၌ စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျှက်ရှိသောစျေးမှာ ၃တင်းဝင် တစ်အိတ်လျှင် ပဲကြီး(ကြီး)၄၄၀၀၀၀ကျပ်နှင့် ၄၅၀၀၀၀ကျပ်၊ ပဲကြီး (လတ်) ၃၇၀၀၀၀ကျပ်နှင့်၄၂၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၃၀၀၀၀ကျပ်နှင့်၃၅၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာပဲကြီး (ကြီး) ၇၉၆၄ကျပ်နှင့် ၈၁၄၅ ကျပ်၊ ပဲကြီး(လတ်)၆၆၉၇ကျပ်နှင့် ၇၆၀၂ကျပ်၊ ပဲကြီး (သေး)၅၇၉၃ကျပ်နှင့်၆၃၃၅ကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပဲကြီး(ကြီး) ၅၀၆၈ ကျပ်နှင့်၅၇၉၂ကျပ်၊ ပဲကြီး(လတ်)၄၅၂၅ ကျပ်နှင့်၄၈၈၇ကျပ်၊ ပဲကြီး(သေး)၄၉၈၂ကျပ်နှင့် ၄၂၅၃ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။
DOCA(မန္တလေး)
