ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင် သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု ၃၆၆၂၂ ဧက၊ ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း ၄၉.၅၅ တင်း၊ အထွက်တင်းစုစုပေါင်း ၆၆၀၅၉၁ တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယ ပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့(စီပီ) ၇၄၀၀၀ ကျပ်နှင့်၇၄၅၀၀ ကျပ်၊ပြောင်းဖူးစေ့(ဗမာ) ၇၁၀၀၀ကျပ်နှင့် ၇၂၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ) ၁၃၇၀ ကျပ် နှင့် ၁၃၈၀ ကျပ်၊ပြောင်းဖူးစေ့(ဗမာ)၁၃၁၅ ကျပ်နှင့် ၁၃၃၃ ကျပ်စျေးတို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း) ၁၃၈၉ကျပ်နှင့်(စီပီ) ၁၃၇၀ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၁၃၃၃ ကျပ်နှင့် ၁၃၅၁ ကျပ်တို့ ဖြစ် ကြောင်း သိရှိရပါသည်။ ယခုနှစ်စျေးနှင့်ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
