မူဆယ်မြို့ရှိ သစ်သီးဈေးနှုန်းအခြေအနေ

Powered by Drupal

     အောက်တိုဘာလ၊ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြို့မဈေး တွင် ရောင်းချနေသော သစ်သီးဈေးနှုန်းများမှာ စပျစ်သီး(ရိုးရိုး) တစ်ပိဿာလျှင် (၁၆၀၀၀ မှ ၁၈၀၀၀) ကျပ်၊ လိမ္မော်သီးမှာ အကြီးအသေး ပေါ်မူတည်၍ (၁၀၀၀ မှ ၁၅၀၀) ကျပ်၊ ပန်းသီးမှာ အမျိုးအစား အကြီးအသေး ပေါ်မူတည်၍ (၁၀၀၀ မှ ၂၀၀၀ - ၃၀၀၀ - ၅၀၀၀) ကျပ်၊ မက်မွန်သီးမှာ အမျိုးအစား အကြီးအသေး ပေါ်မူတည်၍ တစ်လုံးလျှင် (၁၀၀၀ မှ ၁၅၀၀- ၃၅၀၀ - ၅၀၀၀) ကျပ်၊ မက်မန်းသီးမှာ တစ်ပိဿာလျှင် (၁၈၀၀၀ကျပ်မှ ၂၀၀၀၀) ကျပ်၊ ထောပတ်သီးမှာ တစ်ပိဿာလျှင် (၆၀၀၀ ကျပ်မှ ၈၀၀၀) ကျပ်အထိ အမျိုးမျိုး ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)