ဈေးနှုန်းအနည်ငယ်မြင့်တက်လာသောမြင်းခြံမြို့၏မိုးဆီထွက်သီးနှံများအခြေအနေ

Powered by Drupal

             မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ‌ဈေးနှုန်းများအနေဖြင့် ယခု ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၌ မြေပဲလုံးဆံတစ်ပိဿာလျှင် (၇၇၀၀) ကျပ်၊ မြေပဲဆီဆံတစ်ပိဿာလျှင် (၇၃၀၀) ကျပ်၊ အနီလုံးဆံ အသစ်တစ်ပိဿာလျှင် (၇၆၀၀)၊ နှမ်းဖြူတစ်ပိဿာလျှင် (၆၅၀၀)ကျပ်နှင့် နှမ်းညို တစ်ပိဿာလျှင် (၅၉၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လဖြစ်သော စက်တင်ဘာလတတိယပတ်၌ မြေပဲလုံးဆံအသစ်တစ်ပိဿာလျှင် (၇၄၀၀) ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် (၆၉၀၀) ကျပ်၊ အနီလုံးဆံအသစ်တစ်ပိဿာလျှင် (၇၂၀၀)၊ နှမ်းဖြူတစ်ပိဿာလျှင် (၆၃၀၀)ကျပ်နှင့် နှမ်းညိုတစ်ပိဿာလျှင် (၅၇၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်လထက်ယခုလတွင် မြေပဲလုံးဆံတစ်ပိဿာလျှင် (၃၀၀)ကျပ်၊ မြေပဲဆီဆံနှင့် အနီဆံတစ်ပိဿာလျှင် (၄၀၀)ကျပ်၊ နှမ်းဖြူနှင့်နှမ်းညိုတစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့် ဈေးနှုန်း များအနည်းငယ် မြင့်တက်ခဲ့ကြောင်း၊ ဆီထွက်သီးနှံထွက်ပေါ်ချိန် ဖြစ်သောကြောင့် ပွဲရုံများတွင် ကုန်ဝင်ရောက်မှုနည်း၍  ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း၊ ဆီထွက်သီးနှံ အရောင်းအဝယ် ဖြစ်မှုအနေဖြင့်  နေ့စဉ်အိတ် (၁၅၀-၂၀၀)အိတ်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ‌ဒေသတွင်းစားသုံး၍ ပိုလျှံသောဆီထွက်သီးနှံများကို မန္တလေးမြို့နှင့် ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့သို့ တင်ပို့ကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)