ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းအုပ်စု ဟင်းအိုးချောင်းကျေးရွာတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား ဆီစာအုပ်ဖြန့်ဝေပေးခြင်းပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၆.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် ငပုတောမြို့နယ်၊ ဟင်းအိုးချောင်းအုပ်စု ဟင်းအိုးချောင်းကျေးရွာတွင် ကျေးရွာရှိစားသုံးသူပြည်သူများအား ဆီဝယ်ယူရန်အတွက် ဆီစာအုပ်များဖြန့်ဝေပေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

       ထို့သို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ ဦးစွာမိတ်ဆက် စကားပြောကြားပြီး ဆီစာအုပ်ဖြန့်ဝေရာတွင် ဆီစာအုပ်ပြုလုပ်သောလူမှလွဲ၍ အခြားလူများ ဝယ်ယူခြင်းမပြုရန်၊ ဆီဝယ်ယူခွင့်ပြုထားသည့်ကာလအတွင်း သတ်မှတ်ပမာဏကိုသာ ဝယ်ယူရရှိရန်၊ ဝယ်ယူရရှိသည့်ဆီကို မိမိ မိသားစုစားသုံးရန်အတွက်သာ သုံးစွဲရမည်ဖြစ်ပြီး တစ်ဆင့်ပြန်လည်ရောင်းချခြင်းမပြုကြရန်၊ စာအုပ် ပျက်စီး/ပျောက်ဆုံးပါက စာအုပ်ထုတ်ပေးထား သည့်နေရာသို့သတင်းပို့တင်ပြရန်၊ ဆီဝယ်ယူခွင့်စာအုပ်အား ဝယ်ယူသည့်ဆိုင်တွင် အပ်နှံထားခြင်း မပြုကြရန် မိမိလက်ဝယ်တွင်သာထားရှိကြရန် ရှင်းလင်းပြောကြားပြီး ဟင်းအိုးချောင်းကျေးရွာတွင် စုစုပေါင်းဆီစာအုပ်(၁၅၀)အုပ် ဖြန့်ဝေပြီးဖြစ်ပါသည်။

(DOCA) ဧရာဝတီ