ဟင်္သာတမြို့ “ကောင်းဆက်”ဆန်စက်သို့ MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ကောက်ယူနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၅.၁၀.၂၀၂၅) ရက်နေ့ နေ့လယ်  (၁၄:၃၀)အချိန်တွင် ဟင်္သာတမြို့၊နတ်မော်လမ်း၊ကုန်းကြီးရပ်ကွက်ရှိ “ကောင်းဆက်”ဆန်စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ် ထည့်သွင်းနိုင် ရေးနှင့် ဆန်စပါး လက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန် စပါးအွန်လိုင်း(MyRo)တွင် ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့် သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေး ခဲ့ပြီး၊ ကောင်းဆက်ဆန်စက်၌ စပါးဝယ်ယူနေမှု အပေါ် စပါးအမျိုးအစားအလိုက်ဝယ်ယူနေမှု ကွင်းစျေး၊ စက်အရောက်စျေး၊ အစိုဓာတ်အပေါ်အလေးချိန်ယူမှု၊ ဝယ်လိုအား၊ ဆန်ကြိတ်ခွဲမှု ရောင်းလိုအား၊ ဆန်စျေးကွက်၊ စပါး/ဆန်လက်ကျန်အခြေအနေများ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ဆန်စပါး လက်ကျန်အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

EYDNS(DOCA ဧရာဝတီ)