စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ကျေးရွာများတွင်ရောင်းချဆောင်ရွက်နေမှု အခြေအနေများ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      ကျုံပျော်မြို့နယ် ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံသည် ဝန်ထမ်းများနှင့် အတူ  ၂၅.၁၀.၂၅ ရက်နေ့ နေ့လယ် ( ၁:၀၀) နာရီအချိန်တွင် မိုးကြိုးပစ်ကျေးရွာ ရှိ မိသားစုများသို့‌ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် (၁၀) ရက်တစ်ကြိမ် ရောင်းချပေးလျှက် ရှိသော ကုန်မျိုးစုံဆိုင်ပိုင်ရှင် ဦးမျိုးမင်းအောင်၏ ဆိုင်သို့ သွားရောက်၍ လက်ကားဆီဆိုင်မှ သတ်မှတ်ပေးသောရောင်းဈေးအတိုင်း ရောင်းချပေးရန် ၊ ရက်ချိန်းမှန် ၊ အရည်အသွေးမှန် ၊ အလေးချိန်မှန် ရောင်းချပေးရန် ၊ ရောင်းချ ပေးစဉ်တိုင်း ဆီဝယ်ယူခွင့်စာအုပ်တွင် စနစ်တကျ ရေးသွင်းထားရှိရန်များမှာကြားပြီး ကျေးရွာအတွင်း ပြည်သူများ၏ ဆီဝယ်ယူခွင့်စာအုပ်အချို့အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးနှင့်အတူ စစ်ဆေး ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ