
ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက “ဂေးဂုကျေးရွာအုပ်စုနှင့် မရဲ့ပျားမွတ် ကျေးရွာအုပ်စု”ကျေးရွာရှိ စားအုန်းဆီ ကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပြောကြားရာတွင် “ဂေးဂုကျေးရွာအုပ်စုနှင့် မရဲ့ပျားမွတ်ကျေးရွာအုပ်စု” ကျေးရွာရှိ ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ကျေးရွာအတွင်းရှိအိမ်ထောင်စုဝင်အားလုံး စားသုံးဆီရရှိစေရေး၊ သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်းရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးတို့အား ပြောကြား ခဲ့ကြောင်းပြီး “ဂေးဂုကျေးရွာအုပ်စုနှင့် မရဲ့ပျားမွတ်ကျေးရွာအုပ်စု”ရှိ စားသုံးဆီ ကော်မတီ အဖွဲ့ဝင်များအား လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
