အောင်လံမြို့၌ စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေး ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လုံခြုံ စိတ်ချမှုရှိသော ကုန်စည်များ ဝယ်ယူနိုင်စေရေးတို့အတွက်(၂၃.၁၀.၁၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်မာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ အောင်လံမြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာ ဆေးဆိုင်များတွင် ရောင်းချသည့်ဆေးဝါးများတွင် သက်တမ်းလွန်ဆေးဝါး များရောင်းချမှု ရှိ/မရှိ၊ တရားမဝင်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု ရှိ/မရှိစစ်ဆေးခဲ့ရာ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များအား စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းအား အသိပညာ ပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)