မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် Online Sale ရောင်းချခြင်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်ဝန်ထမ်းများသည် (၂၅.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် Online Sale ရောင်းချနေသော အလှကုန်ဆိုင်ပိုင်ရှင်များ အား Online ရောင်းချနေမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော အလှကုန် ရောင်းချသည့် ဆိုင်ရှင်များအား မိတ်ဆက်စကားပြောကြားပြီး၊ Online Sale နှင့်ပတ်သက်သည့် မှတ်ပုံတင် လျှောက်ထားရန် Online Registration မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ် ပါက ကုမ္ပဏီမှတ်ပုံ တင်လက်မှတ် SMS မှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး၊ တစ်ဦးချင်း ဖြစ်ပါက မလိုကြောင်း၊ ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက် ထောက်ခံစာနှင့် ရဲစခန်း ထောက်ခံစာ၊ လိုင်စင်ဓါတ်ပုံ Online Sale Owner ၏ မှတ်ပုံတင်၊ နေထိုင်သည့်လိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့ ) Mobile Phuon Number ဖြင့်  Sing Up (Register) ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း Online  စနစ်ဖြင့်မှတ်ပုံတင်နိုင်ရန်အတွက် www.ecomreg.gov.mm မှတစ်ဆင့်မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း Online Shopping မှတ်ပုံတင်လျှောက်ထားခြင်းမရှိပဲ Online မှ ရောင်းဝယ်ခြင်းများစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အရေးယူ ခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲသို့အဝတ်အထည်လုပ်ငန်းရှင် များနှင့် အလှကုန်ဆိုင်ပိုင်ရှင်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)