မအူပင်ခရိုင်အတွင်းရှိ စက်မှုဇုန်အတွင်းရှိ စက်ရုံ၃ရုံသို့ ဌာနဆိုင်ရာများ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး သွားရောက်တွေ့ဆုံဆွေးနွေး

Powered by Drupal

      ၂၃-၁၀-၂၀၂၅နေ့ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ညောင်ဝိုင်းကျေးရွာ ရှိ စက်မူဇုန်အတွင်းရှိ New Talent Co.ltd နှင့် Wilkes Myanmar Co.ltd များမှလုပ်ငန်းဆောင်ရွက်နေမှုများကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ရှိသူများနှင့်သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

   မအူပင်စက်မှုဇုန်တာဝန်ခံနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင်အတွင်း လေ့လာ၍  ထုတ်လုပ်နေသော အထည်ချုပ်စက်ရုံ ၊ လက်အိတ်စက်ရုံ နှင့် မှိုယာထုတ်လုပ်မှုစက်ရုံ တို့မှ ကုန်ကြမ်းရရှိမှုအခြေအနေများ၊ ကုန်ချောထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရောင်းချမှု ဈေးကွက်အခြေအနေများကို မေးမြန်းခြင်း၊ စက်ရုံလုပ်သား အခြေအနေနှင့် အလုပ်သမားအခွင့်အရေးအပြည့်အဝရရှိစေရန် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိမှု အခြေအနေများကို စက်ရုံတာဝန်ခံများနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)