အရောင်းသွက်သည့်ထောပတ်သီး

Powered by Drupal

           မန္တလေးစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီးရှိ၊  ပြင်ဦးလွင်မြို့နယ်၊ မိုးကုတ်မြို့နယ်နှင့် ရှမ်း ပြည်နယ်တို့မှထွက်သည့်‌ထောပတ်သီးများဝင်ရောက်မှုများပြားရှိပြီး၊အရောင်းသွက်လျှက်ရှိ ကြောင်း သိရှိရပါသည်။  ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း  ဖြစ်ပေါ် သည့်  စျေးနှုန်းများမှာ ထောပတ်သီးတစ်လုံးလျှင် တောင်ကြီးသီး အလုံး(ကြီး) ၂၀၀၀ ကျပ်နှင့် ၂၅၀၀ကျပ်၊ အမရာသီး တစ်လုံးလျှင်(လုံးကြီး)၁၅၀၀ကျပ်နှင့် ၁၈၀၀ကျပ်၊(လုံးလတ်)၁၀၀၀ကျပ်နှင့် ၁၃၀၀ကျပ်၊ ဟက်စ် (Hass) မျိုးမှာ  Kg စျေးနှင့်ပိဿာစျေးနှစ်မျိုးဖြင့် ရောင်းချလျက်ရှိပြီး၊ တစ်ပိဿာလျှင်  ၁၂၀၀၀ ကျပ် နှင့် ၁၆၀၀၀ ကျပ်တို့ ဖြင့် ရောင်းချလျက်ရှိပါသည်။ထောပတ်သီးအလုံးအရွယ် အစား အပေါ် မူတည် ၍ စျေးကွာခြားမှုရှိကြောင်း   သိရှိရပါသည်။  ဝါတွင်းကာလဘုရားပွဲနှင့် အလှူ ပွဲတော် များကျင်းပ သည့်အချိန်ဖြစ်၍ မိုးနှောင်းရာသီသစ်သီးမျိူးစုံစျေးကွက်တွင် ထောပတ်သီးအမျိုးမျိုး အရောင်းသွက် လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)