
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက် ပါကုန်အညွှန်း အမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ဈေးကွက်များပိုမို ရရှိစေရန်ရည်ရွယ်၍ လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းကို စဉ်ဆက် မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါသည်။
ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ဒု-ခရိုင်ဦးစီးမှူး၊ စားသုံးသူ ရေးရာဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၃/၁၁/၁၅)ရပ်ကွက်ရှိ မြေပဲဆုံဆီ လုပ်ငန်း၊ အမှတ်(၁၁)ရပ်ကွက်ရှိ လက်ဖက်လုပ်ငန်း၊ အမှတ်(၃)ရပ်ကွက်ရှိ ငါးမုန့်ခြောက်၊ တို့ဟူး ခြောက်၊ ဆန်ခွေစိမ်းလုပ်ငန်းရှင်များထံသို့ တွေ့ဆုံမှု(၇)ကြိမ်၊ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် စည်ပင်သာယာရပ်ကွက်ရှိ စိုက်ပျိုးရေးဆေးပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်(၁)ကြိမ်၊ စုစုပေါင်း လုပ်ငန်းရှင် အသိပညာပေး တွေ့ဆုံမှု (၈)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
