ဟင်္သာတမြို့နယ် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံခြင်းအကြောင်း အသိပညာပေး TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံရုံးမှအငယ်တန်းစာရေးသည်(၂၂.၁၀.၂၀၂၅)ရက်နေ့ နေ့လယ် (၁၃:၄၅)အချိန်တွင် ဟင်္သာတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံခြင်းအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

    အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဦးချမ်းငြိမ်းဇော်က ၂၀၁၉ ခုနှစ် မတ်လ(၁၅) ရက်နေ့တွင်  ပြဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက် ပေးရာတွင် စီးပွားရေးလုပ်ငန်းရှင်သည် ရောင်းချသည့် ကုန်စည်တွင် သာမန်အားဖြင့် မမြင်နိုင်သော သဘာဝပြောင်းလဲနိုင်မှုနှင့် စပ်လျဉ်းသည့် အချက်အလက်များကို စားသုံးသူအား ထင်ရှားစွာဖော်ပြ၍ အသိပေးရာတွင် စားသုံးသူက လက်ခံသုံးစွဲနိုင်သော ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ် ပမာဏနှင့် အလေးချိန် မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိဝန်‌ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် မှန်ကန်သော သတင်းအချက်အလက်များကို စားသုံးသူသိရှိစေရန် ကြိုတင်အသိပေးခြင်း၊ စားသုံးသူ၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိခြင်း၊ အာမခံထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးခြင်း၊ စားသုံးသူနှင့် သဘော တူညီထားသည့် ဝန်ဆောင်မှု တန်ဖိုးအတိုင်းပေးအပ်စေခြင်း စသည်တို့ကို အကျယ်တဝင့်  ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။

(DOCA ဧရာဝတီ)