စားသုံးသူ ၊ ထုတ်လုပ်သူ အကျိုးရှိစေဖို့ စဉ်ဆက်မပြတ်ကွင်းဆင်းစို့

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ပြဌာန်းချက်များအား  လိုက်နာဆောင်ရွက်ခြင်းဖြင့် ဈေးကွက်အတွင်းရှိ မိမိ တို့ ထုတ်ကုန်များမှာ စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေနိုင်ကြောင်းကို သုံးစွဲသူက သိရှိလာခြင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ဈေးကွက်များ ပိုမိုရရှိပြီး လုပ်ငန်းများ အောင်မြင် နိုင်စေ၍ စားသုံးသူရော ထုတ်လုပ်သူပါ (Win… Win) ဖြစ်လာစေရန် ရည်ရွယ်၍ (၂၃.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင်ပုလဲရွှေနှင့်ရွှေမြန်မာမြေပဲဆုံဆီ  ထုတ်လုပ် ရောင်း ချလျက်ရှိသော လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆွေးနွေးရာတွင်  မြန်မာနိုင်ငံစားသုံး သူကာကွယ်ရေး ကော်မရှင်မှထုတ် ပြန်ထားသောညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာ ဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့် အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ ထုတ်လုပ် သော ကုန်စည်အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း(၁၈)ပါ ကုန် အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့် ကုန်စည်များကို စားသုံးသူရေးရာ ဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင် ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုပ်ရာတွင် သန့်ရှင်းသပ်ရပ်စွာပြုလုပ်စေချင်ကြောင်း၊ မိမိအကျိုးအမြတ် ရရှိရေး ကို  အဓိကမထားဘဲ စားသုံးသူများ အပေါ် စေတနာရှေ့ထား၍ မျှမျှတတလုပ်ဆောင်စေလိုကြောင်း၊ အောင်မြင်မှု၊ ကျော်ကြားမှု၊ နာမည်ကောင်းရရှိမှုမှာခက်ခဲကြောင်း၊ ရရှိထားသော အောင်မြင်မှုကို ထိန်းသိမ်းခြင်း မှာပို၍ ခက်ခဲ ပါကြောင်း၊ စီးပွားရေးကျင့်ဝတ်နှင့် အညီ လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ဈေးကွက်များ ပိုမိုရရှိလာနိုင်ကြောင်း၊ မိမိတို့ဌာနမှ စစ်ဆေးရေး အရာရှိများမှလည်း ဈေးကွက် စောင့်ကြည့် စစ်ဆေးပေးလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသော ထုတ်ကုန်များအား စားသုံးသူ ကာကွယ် ရေးဥပဒေအရ ဈေးကွက်အတွင်းမှ လျော့နည်းပ ပျောက်အောင် ဖယ်ရှားသွား မည်ဖြစ်သောကြောင့် စားသုံးသူကာကွယ်ရေးဥပဒေပါပြဌာန်းချက်များအား လိုက်နာစေလိုကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)