
စားသုံးသူရေးရာဦးစီးဌာနမှ ဘိုကလေးမြို့နယ် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၇.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သစ်ဖြူချောင်းကျေးရွာအုပ်စု ကံစုကျေးရွာရှိ အ.လ.က ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ပြုလုပ်ခဲ့ပါသည်။
ထိုသို့ဟောပြောရာတွင် ပြန်/ဆက်ဦးစီးမှူးမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာ ပေးဟောပြောပြီး စားသုံးသူရေးရာမြို့နယ်ဦးစီးမှူးမှ ဆိုးဆေးပါသော အစားအသောက်နှင့် သက်တမ်းကုန်အစားအသောက်များ အကြောင်းနှင့် ကုန်အညွှန်းအမှတ်တံဆိပ် ပါသော အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ကြရန် အသိပညာပေး ဟောပြောခဲ့ပြီး ဆရာ/မ (၁၅) ဦးနှင့် ကျောင်းသား/သူ (၁၅၅) ဦး ၊ စုစုပေါင်း (၁၇၀) ဦးတက်ရောက်ခဲ့သည်ဟု သတင်းရရှိ ပါသည်။
DOCA(ဧရာဝတီ)
