အွန်လိုင်းစနစ်ဖြင့် ရောင်းချသောလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

Powered by Drupal

      ၂၄.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ် တာဝန်ခံ ဦးဇော်ဦးသည် ကျိုက်ထိုမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် အလှကုန်ရောင်းချသူများ၊ အထည်အလိပ်ရောင်းချသူများ၊ လက်ဝတ်ရတနာပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      ထိုသို့တွေ့ဆုံရာတွင် စားသုံးသူကာကွယ်ရေးဥပဒေတွင် ပါဝင်သောကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်သောအချက်များအား ဆွေးနွေးခဲ့သည်။ ထို့ပြင် အွန်လိုင်းရောင်းချခြင်း အတွက် အွန်လိုင်းမှတ်ပုံတင် ပြုလုပ်ကြရန်နှင့် အွန်လိုင်းမှတ်ပုံတင်မပြုလုပ်ရသေးသူ များကိုလည်း အွန်လိုင်းရောင်းချမှုအတွက် မှတ်ပုံတင်ပြုလုပ်နိုင်ရေး စည်းရုံးဆောင်ရွက် ပေးကြစေလိုကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales) လုပ်ငန်းများ မှတ်ပုံတင်ခြင်းအတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှ လျှောက်ထားထုတ်ယူနိုင်သော (ecomReg System)ကို ၂၀၂၂ခုနစ် အောက်တိုဘာ (၂)ရက်နေ့ တွင် စတင်အသုံးပြုခဲ့ကြောင်း အွန်လိုင်းမှတ်ပုံတင်ရာတွင် လိုအပ်သော ပူးတွဲတင်ပြရမည့် အချက်များ၊ မှတ်ပုံတင်ရမည့်သူများ လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ရာတွင် လိုအပ်သော စာရွက်စာတမ်းများ စသည့်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလို သူများကို မေးမြန်းခဲ့ကြပြီး စားသုံးသူရေးရာဦးစီးဌာန ကျိုက်ထိုမြို့နယ်တာဝန်ခံမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)