ချောင်းဆုံမြို့နယ်၊ အ.မ.က (ခရိုက်သစ်) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

Powered by Drupal

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် (၂၄.၁၀.၂၀၂) ရက်နေ့တွင် ချောင်းဆုံမြို့နယ်အ.မ.က (ခရိုက်သစ်) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်း မုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါမုန့်များနှင့် ဖျော်ရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း တွေ့ရှိရပြီး ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)