ကံမမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် စားသုံးသူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် (၂၁.၁၀.၂၀၂၅) ရက်နေ့၊ နံနက် (၀၈း၃၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ ရပ်ကျေးအုပ် ချုပ်ရေးမှူးတို့နှင့်အတူပူးပေါင်း၍ အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၂)ဆိုင် အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ စစ်ဆေးရာတွင် ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဥ်ဝင်းသည် အသင့်သောက်အချိုရည် အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈) ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များသာရောင်းချခြင်းရှိ/မရှိ၊ မြန်မာ နိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (/၂၀၁၉) နှင့်အညီ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ၊ မြန်မာ ဘာသာဖြင့် ဖော်ပြရမည့် အချက်များအား မဖြစ်မနေ ထည့်သွင်း ဖော်ပြခြင်းရှိ/မရှိနှင့် ကိုက်ညီမှု ရှိ/မရှိ တို့အား စစ်ဆေးခဲ့ရာ Ve Ve အမှတ်တံဆိပ် လိုင်ချီးအချိုရည် (၂၆၀)မီလီလီတာတွင် အဆိုပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အခြားရောင်းချသည့် ကုန်စည်များ သည်လည်း ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များသာ ရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)