မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းပြန်လည်ဖွဲ့စည်းနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

     ၂၂.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည်ဖွဲ့စည်းမည့် ကိစ္စနှင့်စပ်လျဉ်း၍ အကြိုညှိနှိုင်းအစည်းအဝေးကို  Zoom ဖြင့် တက်ရောက်ခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှကိုယ်စားလှယ်တစ်ဦး၊ မြို့မိမြို့ဖ ကိုယ်စားလှယ် တစ်ဦး၊  စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူး၊ မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းမှ ကိုယ်စား လှယ်များ  တက်ရောက်ခဲ့ကြသည်။

     အစည်းအဝေးတွင် အသင်းပြန်လည် ဖွဲ့စည်းရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

DOCA (မွန်)