အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၁၇..၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲ တာဝန်ခံသည် မော်လ မြိုင်မြို့နယ်၊ ဖက်တန်းရပ်ကွက်ရှိ “နှင်းသဇင်အောင်” အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းသို့ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

    ထို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းရှင်များသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်အား မှတ်ပုံတင်လက်မှတ်ရရှိပါက မှတ်ပုံတင် လက်မှတ်ရရှိသူ၏ လိုက်နာရမည့်အချက်များ၊ ကုန်စည်များပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်များကိုလည်း စားသုံးသူကာကွယ်ရေးဥပ‌ဒေနှင့်အညီ ဖော်ပြပါရှိသော ပစ္စည်းများကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA (မွန်)