
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် တာဝန်ခံသည် စားသုံးသူကာကွယ်ရေးနှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံမှန်ကန်စွာ ပါဝင်စေရေးအတွက် (၂၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် အေးကုန်းရပ်ရှိ “ပြည့်ပြည့်အောင်” ပဲခွေကြော်၊ အိုးဘိုရပ်ကွက်ရှိ “အေးသီထွန်း” ပဲကပ်ကြော်နှင့် မြေနီခင်တောင်ရပ်ကွက်ရှိ “ကြည်နူးမေ” ကြက်သွန် ပေါင်းကြော်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း(၁၈)၊ ပုဒ်မ (၄၁) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေးနှင့် လုပ်ငန်းရှင်၏ အခက်အခဲများအား ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(မကွေး)
