
၂၃.၁၀.၂၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ မီလျံနာသောက်ရေသန့် စက်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ခြင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မီလျံနာသောက်ရေသန့်ဗူးများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖော်ပြ ထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ စံချိန် စံညွှန်းများနှင့် ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိကြောင်း သိရှိရပါသည်။
DOCA (မွန်)
