
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာနေ ဦးဇော်ဇော်သိန်း၏ ငွေနှင်းမှိုစိုက်ပျိုးထားရှိမှုအား သွားရောက်လေ့လာခဲ့ရာ ငွေနှင်းမှိုပျိုးထုပ် (၁)ထုပ်လျှင် (၇၀၀)ကျပ်ဖြင့် အထုတ် (၁၀၀၀)စိုက်ပျိုးထားပါသည်။ ငွေနှင်းမှိုမှာ ရာသီမရွေး ပွင့်သောမျိုးဖြစ်ပြီး တစ်ထုတ်လျှင် (၃)လအကြာ ခူးဆွတ်နိုင်ပါသည်။ မျိုးထုတ်များရောက်ရှိပြီး ရေလောင်းပေးရသည်။ မှိုထုတ်(၁)ထုတ်လျှင် (၃၀)ကျပ်သားခန့်ထွက်ရှိပြီး (၃)လကြာခူးရသည်။ ယခင်နှစ်က မှိုစိုက်ပျိုးရန် အဆောက် အဦစရိတ်မှာ (၁၄)သိန်းခန့်ကုန်ကျပြီး ယခုနှစ်တွင် အအောက်အဦအတွက် ကုန်ကျစရိတ်မရှိပါ။ တစ်ရက်လျှင် (၈)သိန်းခန့်ထွက်ရှိပြီး ဒိုင်မှ အိမ်အရောက် တစ်ပိဿာ (၅၀၀၀)ကျပ်ဖြင့် လာရောက်ဝယ်ယူရပါသည်။ အကျိုးအမြတ်အားဖြင့် တစ်လလျှင် (၁၀)သိန်းခန့်ရှိပြီး စုစုပေါင်း ကျပ် (၁၅)သိန်းခန့် ပတ်ဝန်းကျင်ရှိနိုင်ကြောင်း သိရပါသည်။
DOCA(ပဲခူး)
